skip to main

skip to sidebar
magazine
Pages
Home
var accToc=true;
table contents
at
1:53 PM

ဟာသ
ကျွန်တော့် မေးလ် ထဲမှာရောက်လာလို့အားလုံးရယ်စေချင်တဲ့ စိတ်ဖြစ် ခေတ္တတင်ထားခြင်းဖြစ်ပါတယ်။ ကျွန်တာ် ရေးတာမဟုတ်ပါ။ အားရပါးရ ရယ်နိုင်ကြပါစေ၊ ကျနော်ကတော့ရယ်လို့ဝသွားပြီ။။ ဟီးဟီး၊၊၊ဟားဟားဟား။။

ကြိုက်တာဝယ်စား

အမေရိကန်နိုင်ငံရှိ ၀က်မွေးမြူသူတစ်ဦးထံသို့ တစ်နေ့သောအခါ လူကြီးလူကောင်းတစ်ဦး ရောက်ရှိလာပြီးစုံစမ်းလေ၏ ။
" ခင်ဗျားရဲ့ဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ "
" ကျွန်တော့်ဝက်တွေကို ထမင်းကျန်၊ ဟင်းကျန်တွေနဲ့ ဟင်းသီးဟင်းရွက်အပုပ်တွေ ရောစပ်ပြီးကျွေးပါတယ် "
" ကြားရတာစိတ်မကောင်းစရာပဲ၊ ကျွန်တော်က ကမ္ဘာ့တိရိစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကအရာရှိပါ ။ အခုလိုကျန်းမာရေးနဲ့မညီညွတ်တဲ့အစာတွေ ကျွေးမှုအတွက်ခင်ဗျားကို ဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ရပါလိမ့်မယ် "
ဒဏ်ငွေဆောင်ပြီး ( ၃ ) လခန့်ကြာပြန်သော် နောက်ထပ်လူကြီးလူကောင်းတစ်ဦး ရောက်လာပြီး စုံးစမ်းပြန်၏ ။
"ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ "
" ဟုတ်ကဲ့၊ ပေါင်မုန့်၊ ပူတင်း၊ ဒိန်ခဲ၊ အာလူး၊ ကြက်ပေါင်းနဲ့ ဗိုက်တာမင်အားဆေးတွေ ရောစပ်ပြီးကျွေးပါတယ်ခင်ဗျာ "
" အားပါး၊ အံ့သြစရာပဲ၊ ကျွန်တော်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က အရာရှိပါ ။ ကမ္ဘာကြီးရဲ့လူဦးရေလေးပုံတစ်ပုံလောက် နှစ်စဉ်အငတ်ဘေးကြုံနေရတာကိုတောင်မှ ခင်ဗျားကခြိုးခြုံမှုမရှိဘဲ ဖြုန်းတီးပစ်နေတာ အဲဒီအတွက်ခင်ဗျားကို ဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ပါတယ် "
ဒဏ်ငွေဆောင်ပြီး များမကြာမီနောက်တစ်ဦးလာပြန်လေ၏ ။
" ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးပါသလဲခင်ဗျား "
" တစ်ကောင်ကို တစ်ဒေါ်လာစီပေးပြီး ကြိုက်တာဝယ်စားလို့ ပြောလိုက်တယ် "

စည်းကမ်းရှိသူ

" လူတွေကစည်းကမ်းမရှိကြဘူးဗျာ ။ ငှားပြီးရင်ပြန်မပေးချင်ကြဘူး ။ ခင်ဗျားတို့ပတ်ဝန်းကျင်တော့ မပြောတတ်ဘူး "
" ကျွန်တော့်ပတ်ဝန်းကျင်က စည်းကမ်းရှိရှိပြန်ပေးပါတယ် ။ မိုးတွင်းတုန်းကငှားသွားတဲ့ထီးကို ဆောင်းတွင်းကျတော့ လာပြန်ပေးပြီး စောင်ပြန်ငှားသွားတယ် ။ နွေရောက်တော့ စောင်လာပို့ပြီး ယပ်တောင်ပြန်ငှားသွားကြတယ်ဗျ "
မှားယွင်းမှု၏ရလဒ်

" မင်းနဲ့ငါနဲ့ညားလာတာ အခုဆိုရင်အိမ်ထောင်သက်တမ်း အနှစ်အစိတ်ရှိပြီ ။ တကယ်တမ်းပြောရရင် အဲဒီကိစ်စဟာ မှားယွင်းမှုတစ်ခုရဲ့ ရလဒ်ပဲ "
" ဘယ်လို ဘယ်လို ဘာပြောတယ် ရှင်းစမ်းပါဦး "
" ဒီလိုလေ၊ အဲဒီမင်းကို စတွေ့တဲ့နေ့က ငါလေချွန်မိတာ မင်းကိုခေါ်တာ မဟုတ်ဘူး ။ တက္ကစီသမားကိုကွ "

သိနားလည်မှု
" မင်းတို့ထဲမှာ စန္ဒရားအကြောင်း ကောင်းကောင်းသိတဲ့သူ ပါသလားကွ "
" ပါပါတယ်ဆရာ၊ ကျွန်တော် စန္ဒရားတီးတတ်ပါတယ်။ စန္ဒရားအကြောင်း ကောင်းကောင်းသိပါတယ် "
" ဒါဆို ဒီစန္ဒရားကို ကားပေါ်တင်တဲ့အခါ မင်းကဦးဆောင်ပြီး ဂရုစိုက်တင်ပေးစမ်းပါကွာ "
သူ့လက်ရာ
" ဒီနေ့ ကျွန်မချက်ကျွေးတဲ့ဟင်းက ဘယ့်နှယ်နေလဲဟင် "
" ကောင်းတယ် မိန်းမရာ၊ ချိုပြီးဆိမ့်နေတာပဲ "
" မဟုတ်သေးပါဘူးတော်၊ ချက်နည်းပြုတ်နည်းစာအုပ်ထဲမှာ ချဉ်စပ်လို့ရေးထားတယ်ရှင့် "
ထီးတစ်လက်၏သံသရာ
" အခုလာရတာကတော့ လွန်ခဲ့တဲ့သုံးရက်က ကျွန်တော့်ဆီက ငှားသွားတဲ့ထီးကို ပြန်ယူချင်လို့ပါ "
" ဟောဗျာ၊ သူငယ်ချင်းတစ်ယောက် မနေ့ကအိမ်လာလည်ရင်း ခဏငှားသွားတယ်ဗျ။ သူ့ဆီသွားတောင်းတော့ ယောက်ဖတစ်ယောက် ခဏငှားသွားလို့ပါတဲ့။
အရေးကြီးသလား၊ လိုက်ရှာပေးမယ်လေ "
" အရေးကြီးပါသော်ကောဗျာ။ ကျွန်တော်ကလည်း အဲဒီထီးကိုငှားဆောင်းလာခဲ့တာ။ အဲဒါလာတောင်းနေလို့ဗျို့။ သူကလည်းဒီထီးဟာ သူ့ထီးမဟုတ်ဘူး
ခဏငှားလာတာတဲ့ "
စိတ်ချစမ်းပါ
" ဒီမှာရှင့် လေယာဉ်ပျံမောင်းတဲ့ဆရာကြီး၊ ကျွန်မတစ်ခါမှ လေယာဉ်ပျံမစီးဖူးလို့ ရင်တွေတုန်လိုက်တာရှင်။ ကျွန်မတို့ခရီးသည်တွေအားလုံးဘေးကင်းရန်ကင်းနဲ့ မြေပြင်ပေါ်ပြန်ရောက်မှာပါနော် "
" စိတ်ချပါဗျာ။ ကျွန်တော်လေယာဉ်မောင်းလာတာကြာပါပြီ။ ဘယ်သူ့ကိုမှ ကောင်းကင်မှာမထားခဲ့ပါဘူး "
ယုံပါတယ်
" တစ်ဆိတ်လောက် ခင်ဗျား၊ ကျွန်တော့်စက်ဘီးကို ကြည့်ထားပေးစမ်းပါ "
" ဟေ့ကောင် ငါကအယ်ဒီတာကွ "
" ရပါတယ်၊ ကျွန်တော်ခင်ဗျားကိုယုံပါတယ် "
မေမေ့စကား
" လက်ရေးညံ့လိုက်တာကွာ၊ မင်းကိုနေ့တိုင်းရိုက်ရတာလည်း လက်ညောင်းလှပြီ၊ မင်းအိမ်ကဘာမှဂရုမစိုက်ဘူးလား "
" ကျွန်တော့်မေမေကပြောတယ်ဆရာ၊ ငါ့သားလက်ရေးမလှလည်းကိစ်စမရှိဘူးတဲ့၊ ဘယ်သူမှမဖတ်တတ်ရင်နေပါစေတဲ့၊ ကြီးရင်ဆရာဝန်လုပ်ခိုင်းမှာတဲ့ "
ဘယ်သူ့လက်ချက်လဲ
" ဟိုနေ့က လေးထပ်တိုက်ပေါ်က မင်းခုန်ချတာ အံ့သြတယ်ကွာ၊ ရုပ်ရှင်ထဲက စတန့်မင်းသားတွေ စွန့်စားပြတဲ့အတိုင်းပဲ၊ ကားရိုက်ဖို့လေ့ကျင့်နေတာလား "
" ဟင်း ..... ဟင်း ..... ငါလည်း စဉ်းစားနေတာ၊ ဘယ်သူများ ငါ့ကိုတွန်းချလိုက်တာလဲလို့ "
တစ်ယောက်တစ်လှည့်
" ကျွန်တော်တို့နှစ်ယောက် လက်ထပ်ပြီးတဲ့အထိမ်းအမှတ်အဖြစ် ဟန်းနီးမွန်းထွက်ချင်လို့ ခွင့်ဆယ်ရက်လောက် ပေးပါခင်ဗျာ "
" အင်း ..... ခက်တာပဲ။ လောလောဆယ်အလုပ်တွေ ကျပ်နေတော့တစ်ယောက်ယောက် မရှိရင်လည်းမဖြစ်ပြန်ဘူး။ နှစ်ယောက်စလုံးကငါ့ကုမ္ပဏီရဲ့စံပြ၀န်ထမ်းတွေဆိုတော့ ခွင့်မပေးနိုင်ဘူးလို့လည်း မပြောရက်ပြန်ဘူး။ ဒီတော့တစ်ယောက်တစ်လှည့်စီသွားကြဖို့ မေတ္တာရပ်ခံပါရစေကွာ "
သူ့နေရာသူပြန်သွား

" ဟောဒီခွက်ထဲက ကျောက်ခဲလေးတွေဘယ်ရောက်ကုန်ပြီလဲ "
" ဪ ..... အဲဒါကျောက်တုံးလေးတွေလား၊ ကျွန်တော်ကသောက်ရမယ့်ဆေးမှတ်လို့ ခုနကပဲသောက်လိုက်မိပြီ ဆရာမ "
" ဟောတော် ဒုက္ခပါပဲ။ အဲဒါရှင်သတိရလာရင် ပြဖို့ထားတာ။ ရှင့်ဆီးအိမ်ထဲက ခွဲထုတ်ထားတဲ့ဟာတွေရှင့် "

မေးမှသိတယ်

" မင်းတို့လင်မယား ပြန်ပေါင်းထုပ်သွားကြပြီလို့ကြားရတာ ၀မ်းသာတယ်ကွာ၊ နေ့ခင်းတုန်းကတောင် မင်းတို့အိမ်ရှေ့က ဖြတ်လျှောက်တော့ မင်းတို့လင်မယားနှစ်ယောက် ထင်းတွေအတူတူခွဲနေကြတာ တွေ့မိသေးတယ်ကွာ "
" ထင်းမဟုတ်ဘူး သူငယ်ချင်းရဲ့ ၊ အိမ်ထောင်ပရိဘောဂတွေ "

ပြောချင်တာကဒီလိုပါ
" မင်းဟာကားကို တစ်နာရီမိုင်တစ်ရာနှုန်းလောက်နဲ့ မောင်းလာတယ် ။ ပြီးတော့ညအမှောင်ထဲ ကားရှေ့မီးကို ဖွင့်မမောင်းဘူး ။ လမ်းလည်းမှားလာတယ် ။ ယာဉ်မောင်းလိုင်စင်လည်း မပါဘူး ။ ကိုင်း ..... ဒီလောက်တောင်အပြစ်တွေများတာ ဘာပြောချင်သေးလဲ "
" ကျွန်တော်ပြောချင်တာက ကျွန်တော့်မှာအပြစ်တစ်ခုပဲ ရှိပါတယ် ။ အဲဒါကတော့ဒီကားကို ခိုးလာတာပါပဲ " ဘယ်သူမှမပြောနဲ့နော်
" ဓူဝံကြယ်ဆိုတာ ဘယ်ဟာလဲဟင်ဘိုးဘိုး "
" ဟိုး ..... တောင်ဘက်က ကြယ်နီနီကြီးဟာ ဓူဝံကြယ်ပေါ့ မြေးရဲ့ "
" ဟင် ..... ကျောင်းမှာ ဆရာမကပြောတော့ ဓူဝံကြယ်ဟာ မြောက်အရပ်မှာရှိတယ်ဆို "
" ရှူး ..... ဘယ်သူမှ လျှောက်မပြောလေနဲ့ ၊ ဓူဝံကြယ်တောင်ဘက်ကို ပြောင်းသွားတာတစ်ပတ်လောက်ပဲရှိေ
သးတယ် မြေးရဲ့ "

စနစ်တကျအသုံးပြုနည်း

" မနက်က၀ယ်သွားတဲ့ ယပ်တောင်က တစ်ခါနှစ်ခါပဲခတ်ရသေးတယ် စုတ်သွားပြီ ၊ ဘယ်လိုဖြစ်တာရတာလဲ "
" အသုံးပြုပုံမှားလို့ဖြစ်ပါလိမ့်မယ် ၊ ကျွန်တော်တို့ရောင်းတဲ့ ယပ်တောင်ဟာ လက်နဲ့ငြိမ်ငြိမ်လေးကိုင်ထားပြီး ခပ်စေချင်တဲ့အရာဝတ္တုကို ယပ်တောင်ရှေ့မှာ ဟိုဖက်ဒီဖက် ခပ်မြန်မြန်လှည့်ပေးရပါတယ်ခင်ဗျား "

နားလေးသူမို့ပါ

" ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျားမဟုတ်လား "
" ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စဟဲဗီးအဆိုတော်ပါ "
" ဒါဆိုတစ်ဆိတ် ကူညီစမ်းပါ ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့ လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ်အော်ပေးစမ်းပါ ။ သူက နားနည်းနည်းလေးတယ် "

ဟိုတစ်မျိုး ဒီတစ်မျိုး

" မောင်မင်းအနေနဲ့ ဘာပြောချင်သေးလဲ "
" ကျွန်တော်မျိုး ဘာပြောရတော့မှာလဲ တရားသူကြီးမင်းခင်ဗျာ ။ သူ့အခန်းထဲ ၀င်ခိုးတုန်းက တရားလိုဟာ အိပ်မောကျနေတာပါ ။ အခုကျတော့ သူ့အိမ်ထဲဝင်ခိုးတာ သေသေချာချာမြင်ပါတယ်လို့ ထွက်ဆိုနေပါတယ် "

မေမေ့တာဝန်ထားလိုက်

" ဒီလူနဲ့သမီးလက်မထပ်ချင်ဘူးမေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး ။ သူကငရဲရှိတယ်ဆိုတာကို မယုံဘူးလို့အကြောက်အကန်ပြောတယ် မေမေရဲ့ "
" လက်ထပ်မှာသာ ထပ်လိုက်ပါသမီးရယ် ၊ ငရဲတကယ်ရှိကြောင်း သိအောင်လုပ်ဖို့ မေမေ့တာဝန်ထားလိုက်စမ်းပါ "
အမွေဆက်ခံမိလို့

" ခင်ဗျား မသေသင့်ဘူးဗျ ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး "
" ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာငိုပြီး ဘာတွေလာပြောနေတာလဲ ။ ဒီဂူထဲမြုပ်ထားတာ ခင်ဗျားရဲ့အခင်ဆုံးမိတ်ဆွေမို့လို့လား "
" ဟင့်အင်း ..... ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျားပါ "
မမြောက်ပါနဲ့ဗျာ

" မင်းခိုးတဲ့ပစ်စည်းတွေက အစုံပါပဲလားကွ ၊ တီဗွီရယ် ၊ အောက်စက်ရယ် ၊ ရေခဲသေတ္တာရယ် ၊ ပန်ကာရယ် ၊ မီးခံသေတ္တာရယ် ၊ အိမ်သားတွေတစ်ယောက်မှ မနိုးစေဘဲ အပြင်ကိုဒါတွေအကုန်သယ်ထုတ်နိုင်တာ ချီးကျူးပါတယ်ကွာ "
" ဟာ ..... တရားသူကြီးမင်းကလည်း ကျွန်တော့်ကို အနေခက်အောင်မြှောက်နေပြန်ပြီ " @hp

အထင်နဲ့အမြင်

" ကျွန်မသားလေး ရေနစ်တုန်းကဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား "
" ဟုတ်ပါတယ် ၊ ဒီလိုပေါ့ဗျာ ၊ ကြုံကြိုက်လို့ကယ်တာပဲဟာ ၊ ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး "
" ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့် ၊ သူ့လက်ကဟန်းချိန်းပါမလာလို့ "
ထင်တာကတခြား

" တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှ ပါသမျှလုယက်သွားတယ်ဆိုတာ ဟုတ်သလား "
" ဟုတ်ပါတယ် ၊ တရားသူကြီးမင်း "
" ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ "
" ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ် မထင်ခဲ့မိလို့ပါရှင် "

သိချင်လို့

" ဗျို့ အိမ်ရှင်တို့ ၊ တစ်ဆိတ်လောက်ခွေးကြည့်ပေးပါ "
" မစိုးရိမ်ပါနဲ့ ရဲရဲသာလာခဲ့ပါ "
" ခင်ဗျားခွေးက မကိုက်တတ်ဖူးလားဗျ "
" ကျွန်တော်လည်း အဲဒါကိုသိချင်နေတာ ၊ ဒီကောင်ကအခုမနက်မှ ၀ယ်လာတာလေ "

ပြင်ပအစားအစာ

" ဗျို့ဆရာသမား ၊ ဟိုလူသူ့မိန်းမကို မိကျောင်းကန်ထဲ တွန်းချနေတယ် ။ မြန်မြန်သွားကယ်ကြရအောင် "
" ဟင်း ..... တယ်ခက်တဲ့လူပဲ ၊ မိကျောင်းမွေးမြူရေးစခန်းမှာ ပြင်ပအစားအစာတွေ လုံးဝကျွေးခွင့် မရှိတာကို သူမသိလို့ထင်တယ် "

သမ်းပြတာမဟုတ်ပါ

" ရှင် တော်တော်ရိုင်းပါလား ၊ ကျွန်မရှေ့မှာပါးစပ်ကို လက်ဝါးနဲ့မကာဘဲ သမ်းပြတာနှစ်ကြိမ်ရှိသွားပြီ "
" အထင်မလွဲပါနဲ့ဗျာ ၊ ကျွန်တော် တစ်ခုခုပြောဖို့ကြံတိုင်း ခင်ဗျားကရေပတ်မ၀င်အောင် ပြောနေတာကိုးဗျ "
ယောက်ျားဆိုတာ

" ဟောဟိုထိုင်နေတဲ့လူဟာ ခုနကတစ်ချိန်လုံးလိုလို ကျွန်မကိုစိုက်ကြည့်နေတာ ၊ အခုမမရောက်လာမှပဲ ခပ်တည်တည်နေဖော်ရတော့တယ် "
" ဘယ်သူလဲ ဟိုလူလား ၊ အဲဒါမမအမျိုးသားလေ "

တလွဲမထင်ပါနဲ့

" ခင်ဗျားကြည့်ရတာ မုဆိုးဝါတော်တော်ရင့်နေပြီနဲ့တူတယ် "
" ဘာဖြစ်လို့လဲဗျ "
" ဒီတစ်နေ့လုံး ခြင်္သေ့တွေ ၊ ကျားတွေပဲလိုက်ပစ်နေတာ တွေ့လို့ပါ "
" ဒါကဒီလိုပါ ၊ ဒီမနက်ထွက်လာတုန်းက စာကလေးတွေ ၊ ငှက်တွေဖမ်းဖို့ပါပဲ ၊ ဒါပေမဲ့ မျက်မှန်ကသစ်ကိုင်းနဲ့ငြိပြီး ကျပျောက်သွားလို့ "

ဆရာ့ညွှန်ကြားချက်

" တပည့်ရေ ၊ ဟိုဓါတ်ကြိုးတစ်ချောင်းကို ခဏကိုင်ကြည့်စမ်းကွာ "
" ဟုတ်ကဲ့ဆရာ "
" ဘယ်လိုနေလဲကွ "
" ဘယ်လိုမှ မနေဘူးဆရာ "
" အင်း ..... ဒါဆို ကျန်တဲ့တစ်စကို သွားမကိုင်နဲ့ ဓါတ်လိုက်လိမ့်မယ် "

လိုချင်ရင်ပြောပါ

" ခင်ဗျားတို့ ထမင်းဆိုင်က ကြက်သားဟင်းပန်းကန်ကို ကြည့်ပါဦး ၊ အရိုးနဲ့အရေခွံချည်းပဲ "
" ဘာလဲ ၊ အမွေးနဲ့ လိုချင်လို့လား "

0 comments:
Post a Comment
Newer Post
Older Post
Subscribe to:
Post Comments (Atom)
Labels
31-PHOTO EDITING
(2)
BLOGGER HACK
(41)
BLOGGER TIPS
(49)
BLOGGER TUTORIAL
(38)
BLOGGER WIDGET
(22)
CHAT BOX-10
(1)
COMMENTS
(7)
COMPUTER TIPS
(9)
FACEBOOK
(2)
FAVICON
(1)
FEED
(7)
FILE HOSTING
(3)
FOOSTER
(1)
GADGETS
(2)
Gcloud-generator
(2)
GMAIL
(7)
HEADER
(3)
HTML
(11)
ICON
(1)
IMAGE HOSTING
(2)
INTERNET
(5)
LABEL
(1)
LINKS
(1)
MARQUE EFFECT
(3)
MENU
(20)
MOZILLA FIREFOX
(1)
ONLINE DELATED ACCOUNTS
(1)
POST
(8)
READ MORE
(1)
SEO
(1)
SOCIAL BOOKMARKING
(10)
SOFTWARE
(17)
TAMPLATE
(4)
TOOL BAR
(3)
WIDGET
(17)
Wordpress
(1)
ZAWGYI
(1)
Blog Archive

2010
(160)

May
(12)

April
(58)

March
(25)

February
(35)

January
(30)

2009
(150)

December
(25)

November
(32)

October
(24)
kp3နည်းပညာ၊၇၈၊ကွန်ပျူတာ keyboardတစ်ခုလုံးရဲ့အသုံးဝ...
kp3နည်းပညာ၊ရရ၊Blogger Template Generators

ဟာသ
ကျွန်တော့် မေးလ် ထဲမှာရောက်လာလို့...
kp3နည်းပညာ၊၇၆၊Add Page Elements ကို Blog Header မှ...
kp3နည်းပညာ၊၇၅၊Open Links In New Window
kp3နည်းပညာ၊၇၄၊Computer Taskbar Digital Time ဘေးမှာ...
kp3နည်းပညာ၊၇၃၊မိမိရဲ့ဘလော့Comment အရေအတွက် Bubble ...
kp3နည်းပညာ၊၇၂၊မိမိရဲ့ဘလော့Post အောက်မှာရှိတဲ့Subsc...
No title
kp3နည်းပညာ၊၇၁၊အခမဲ့ onlineကနေပြီးတော့Photo Editing...
kp3နည်းပညာ၊၇ဝ၊Wibiya Widget Toolbar
kp3နည်းပညာ၊၆၉၊Auto Scrolling - Recent Posts
kp3နည်ပညာ၊၆၈၊internet Wi-Fi ကနှေးနေရင် မြန်အောင်ပြ...
kp3နည်ပညာ၊၆၇၊မိမိရဲ့ဘလောမှာ့Highlight Author Comme...
kp3နည်းပညာ၊၆၆၊မိမိရဲ့ဘလော့related posts တွေကို thu...
kp3နည်းပညာ၊၆၅၊မိမိရဲ့ဘလော့အဟောင်းထဲကPostတွေကိုအသစ်...
kp3နည်းပညာ၊၈၊blog content
kp3နည်းပညာ၊၆၄၊မိမိရဲ့ဘလော့Post ပေါ်မှာအောက်ခံအရောင်...
kp3နည်းပညာ၊၆၃၊မိမိရဲ့ဘလော့မှာFloating Twitter-Foll...
kp3နည်းပညာ၊၆၂၊မိမိရဲ့ဘလော့ မြန်မြန်လေးပွင့်သွားအော...
kp3နည်းပညာ၊၆၁၊မိမိရဲ့ဘလော့မှာPdf ' icon ထားချင်ရင်
kp3နည်းပညာ၊၆ဝ၊Free Dropdown Menu Creator
kp3နည်းပညာ၊၅၉၊မိမိရဲ့ဘလော့မှာComments တွေကိုနံပါတ်...
kp3နည်းပညာ၊၅၈၊မိမိရဲ့ဘလော့မှာကိုယ်ပိုင် Menu တည်ဆေ...

September
(20)

August
(44)

July
(4)

June
(1)
Followers
Text Widget
Text Widget
Timer
Basshunter - All I Ever Wanted
0 comments:
Post a Comment